Home / မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော ပံ့ပိုးကူညီမှုများရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော ပံ့ပိုးကူညီမှုများရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၌ တရားမဝင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးတို့အတွက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းအားထုတ်မှုများတွင် ထိ‌ရောက်သော ပံ့ပိုးကူညီမှုများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ကိုရီးယား၊ ပြင်သစ်၊ ဆွီဒင်၊ အရှေ့တီမောနှင့် အင်ဒိုနီးရှား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ အ‌ခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အနာဂတ်တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတကာပါလီမန်များညီလာခံ တက်ရောက်ခဲ့မှု သတင်းအား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top