Home / ပညာရေးကော်မတီသည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အပါအဝင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် မြေပြင်ပညာရေးအခြေအနေများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီသည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အပါအဝင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် မြေပြင်ပညာရေးအခြေအနေများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီသည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အပါအဝင်  ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် မြေပြင်ပညာရေးအခြေအနေများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်တစ်ရပ်အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၅၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌက တွေ့ဆုံခွင့်ရခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် ကော်မတီဝင်များအနေဖြင့်လည်း မြေပြင်ပညာရေးဆောင်ရွက်မှုများတွင် ဘက်ပေါင်းစုံက ပါဝင်နေကြပြီး ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းကူးသဖွယ်ချိတ်ဆက်ပေးနိုင်ရေး ကြိုးစားနေကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော ချင်းပြည်နယ်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များမှ မြေပြင်တွင် ပညာရေးကဏ္ဍ ဖော်ဆောင်နေမှုများ၊ လိုအပ်ချက်များ၊ ပညာရေးကဏ္ဍများ ဖော်ဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အခြားသော INGO အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ လာမည့်နှစ်တွင် သင်ရိုးသစ်အား သင်ကြားရန် လူသားအရင်းအမြစ်လိုအပ်နေမှုများနှင့် ဆက်သွယ်ရေးနှင့် အင်တာနက်ရရှိမှု ခက်ခဲခြင်းတို့ကြောင့် တက္ကသိုလ်တက်ရောက်နိုင်မှုအခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ပညာရေးကော်မတီမှ အဖွဲ့ဝင်များက တင်ပြလာသည့် ဆွေးနွေးချက်များ အပါအဝင် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (IFEC) ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များ၊ CDM ဆရာ၊ ဆရာမများအား ထောက်ပံ့ပေးနိုင်မှုအခြေအနေများအား ပြန်လည်ဖြေကြားခဲ့ကာ ကော်မတီဥက္ကဋ္ဌက တော်လှန်ရေးအောင်မြင်သည်အထိ အခက်အခဲကြားမှ ကြံ့ကြံ့ခံရင်း ရှေ့ဆက်ကြရန် နိဂုံးချုပ်စကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲအား ၁၆၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုဆွေးနွေးပွဲသည် တော်လှန်ရေးကာလအတွင်း ချင်းပြည်နယ်၏ မြေပြင်ပညာရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် လိုအပ်သည့်အကူအညီများအား ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရန်နှင့် အနာဂတ်ဖက်ဒရယ်ပညာရေးအတွက် ပူးပေါင်းဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)မှ အလှည့်ကျသဘာပတိနှင့်အဖွဲ့ဝင်များ၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top