Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန့်ဖရင့်မှတဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် နိုင်ငံတကာလွှတ်တော်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမို ထိရောက်စေရေးအတွက် ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနဘက်မှရှင်းလင်း‌တင်ပြ အကြံပြုခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်း၍ ဆွေးနွေးအကြံပြုခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးနေမျိုး၊ ဦးရောဘတ်ညေးရယ်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့များ၊ ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်း၊ ပြည်သူ့ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်အိအိပြုံး၊ ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး ဦးနေမျိုးထက်၊ ဖက်ဒရယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးနိုင်နိုင်ဝင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top