Home / ကြေညာချက် အမှတ် ( ၃၅/၂၀၂၁) ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်ဇူလိုင်လ (၂၇)ရက်၊ ၂၀၂၁ခုနှစ်

ကြေညာချက် အမှတ် ( ၃၅/၂၀၂၁) ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်ဇူလိုင်လ (၂၇)ရက်၊ ၂၀၂၁ခုနှစ်

ကြေညာချက် အမှတ် ( ၃၅/၂၀၂၁)

၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်

ဇူလိုင်လ (၂၇)ရက်၊ ၂၀၂၁ခုနှစ်။

=================

၁။ ၂ဝ၂ဝပြည့်နှစ် နိုဝင်ဘာ(၈) ရက်တွင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲကြီးသည် လွတ်လပ်၍တရားမျှတစွာ ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ကြောင်း ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်း များက အတည်ပြုထုတ်ပြန်၍ ကမ္ဘာကလည်း အသိအမှတ်ပြုပြီးဖြစ်သည်။

၂။ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သောပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့အာဏာ ကို လူတစ်စု၏ တရားမဝင်အမိန့်ထုတ်ပြန်ရုံမျှဖြင့် ချေဖျက်နိုင်ခြင်းမရှိပါ။

၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ပြည်သူတို့၏ရွေးကောက်တင်မြှောက် အာဏာအပ်နှင်းခြင်းခံရသည့် ပြည်သူ့ကိုယ်စားလှယ်ကြီးများနှင့်အတူရပ်တည်ပြီး ပြည်သူပေးအပ်သောတာဝန် များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးအား အသိပေးအပ်ပါသည်။ စစ်အာဏာ ရှင်ကိုဆန့်ကျင်ပြီး ပြည်သူဘက်တွင်သစ္စာရှိစွာရပ်တည်သော အနိုင်ရပါတီများမှ ကိုယ်စားလှယ်များဖြင့်လည်း ကောင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များဖြင့်လည်းကောင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ထပ်လောင်းအတည်ပြုပါသည်။

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အနေဖြင့် နိုင်ငံတကာပါလီမန်များအသီးသီးနှင့် လည်းကောင်း၊ ပါလီမန်အစုအဖွဲ့များ၊ ပါလီမန်ကိုယ် စားလှယ်အစုအဖွဲ့များနှင့်လည်းကောင်း တက်ကြွစွာပူးပေါင်း

ဆောင်ရွက်လျက်ရှိသည့်အတိုင်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူများအား ထပ်မံကတိပြုပါသည်။

၅။ မည်သည့်နိုင်ငံကမျှ တရားဝင်အစိုးရဟုအသိအမှတ် ပြုခြင်းမခံရသောတရားမဝင်အာဏာသိမ်းစစ်ကောင်စီ က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်ဟူသော အဖွဲ့အစည်း၏ ထုတ်ပြန်ကြေညာချက်သည် မည်သည့် ဥပဒေနှင့်မျှ အကျုံးဝင် အာဏာသက်ရောက်ခြင်းမရှိကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-1679/
Scroll to Top