
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
သတင်းထုတ်ပြန်ချက် အမှတ်( ၁၃ )
ရက်စွဲ။ ။၂၀၂၁ ခုနှစ်၊ ဧပြီလ၊ ၂၆ ရက်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ဥက္ကဌ အဖြစ် ဦးအောင်ကြည်ညွန့် အားလည်းကောင်း၊အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် (၁)ဒေါ်ဖြူဖြူသင်း၊ (၂)ဦးထွန်းမြင့် ၊(၃)ဦးလမင်းထွန်း (ခ)အဖြိုး တို့အားလည်းကောင်း၊ကျန်ကော်မတီဝင်များကို အဖွဲ့ဝင်များ အဖြစ် လည်းကောင်း တာဝန် ခွဲဝေ၍ ထမ်းဆောင်သွားမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ၂၁-၄-၂၀၂၁ ရက်တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါရေးရာကော်မတီ ၈ ခုဖြင့်ဖွဲ့စည်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
၁။ ဥပဒေရေးရာကော်မတီ
၂။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ
၃။ ဘဏ္ဍာရေးရာကော်မတီ
၄။ ပြည်သူ့ရေးရာကော်မတီ
၅။ ဖက်ဒရယ်ရေးရာကော်မတီ
၆။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ
၇။ နိုင်ငံတကာဆက်ဆံရေးကော်မတီ
၈။ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာကော်မတီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ