၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ညွန့် အားလည်းကောင်း၊ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် (၁) ဒေါ်ဖြူဖြူသင်း၊ (၂) ဦးထွန်းမြင့်၊ (၃) ဦးလမင်းထွန်း (ခ) အဖြိုး တို့အားလည်းကောင်း၊ ကျန်ကော်မတီဝင်များကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း တာဝန်ခွဲဝေ၍ ထမ်းဆောင်သွားမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ၂၁-၄-၂၀၂၁ ရက်တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါရေးရာကော်မတီ ၈ ခုဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
၁။ ဥပဒေရေးရာကော်မတီ
၂။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ
၃။ ဘဏ္ဍာရေးရာကော်မတီ
၄။ ပြည်သူ့ရေးရာကော်မတီ
၅။ ဖက်ဒရယ်ရေးရာကော်မတီ
၆။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ
၇။ နိုင်ငံတကာဆက်ဆံရေးကော်မတီ
၈။ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာကော်မတီ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


