Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ လွှတ်တော်ကိုယ်စားလှယ်များက စစ်ကိုင်းတိုင်းဒေသကြီးရှိ မြေပြင်အခြေအနေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ သုံးသပ်ချက်များ၊ သယံဇာတနှင့် ဘဏ္ဍာရေးဆိုင်ရာ သုံးသပ်ချက်များကို တင်ပြခဲ့ပြီး CRPH မှ တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကာ ၁၄၀၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ (၄) ခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top