Home / Local PDF အဖွဲ့များနှင့်စပ်လျဉ်းသည့်ဆွေးနွေးမှုများ တွေ့ဆုံပြုလုပ်

Local PDF အဖွဲ့များနှင့်စပ်လျဉ်းသည့်ဆွေးနွေးမှုများ တွေ့ဆုံပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် နွေဦးတော်လှန်ရေးကာလအတွင်း ဖွဲ့စည်းဆောင်ရွက်လာကြသော Local PDF အဖွဲ့များနှင့်စပ်လျဥ်း၍  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇေလတ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒေသတွင်းဖွဲ့စည်းထားသော Local Defence Force အဖွဲ့များနှင့်ပတ်သက်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒနှင့် လက်တွေ့လုပ်ဆောင်နေသည့် လုပ်ငန်းစဥ်များ၊ မြေပြင်အခြေအနေများအား ရှင်းလင်းပြောကြားရာ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်းကြကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top