Home / ကယန်းအမျိုးသားတပ်မတော် (KAYAN NATIONAL ARMY – K.N.A) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ကယန်းအမျိုးသားတပ်မတော် (KAYAN NATIONAL ARMY – K.N.A) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

၁။ ကယန်းအမျိုးသားတပ်မတော် (KAYAN NATIONAL ARMY – K.N.A) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာကြသော ကယန်းအမျိုးသားတပ်မတော်မှ ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များ၊ ကယန်းပြည်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ ကယန်းအမျိုးသားတပ်မတော်ကို ကယန်းဒေသအတွင်းရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့များအား စုစည်းညီညွတ်စွာ စုဖွဲ့တည်ရှိနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး စစ်အာဏာရှင်တို့အား စုပေါင်းတော်လှန်လျက်ရှိရာ ရင်ဆိုင်ကြုံတွေ့‌ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအားလုံးကိုလည်း အတူတကွ ပူးပေါင်းကာ အကောင်းဆုံး ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။ ယခုကဲ့သို့ (၂) နှစ်တာကာလတွင် အသက်ခန္ဓာ ရင်းနှီးပေးဆပ်မှုများဖြင့် မြင့်မြတ်စွာ ကျဆုံးခဲ့ကြရသော ကယန်းအမျိုးသားတပ်မတော်မှ အာဇာနည်ရဲဘော်ရဲဘက်များကိုလည်း မိမိတို့အနေဖြင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုလိုပါသည်။

၃။ ကယန်းအမျိုးသားတပ်မတော်သည် ချမှတ်ထားသော မူဝါဒ၊ စည်းမျဉ်းစည်းကမ်းတို့နှင့်အညီ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တော်လှန်ရေးအင်အားစုအားလုံးနှင့် အတူတကွ လက်တွဲကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top