Home / ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပညာရေးကော်မတီသည် သြစတေးလျပညာရှင် Professor Joseph Lo Bianco၊ သြစတေးလျ ပါလီမန်အမတ် Janelle Saffin တို့နှင့် တွေ့ဆုံဆွေးနွေး

ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပညာရေးကော်မတီသည် သြစတေးလျပညာရှင် Professor Joseph Lo Bianco၊ သြစတေးလျ ပါလီမန်အမတ် Janelle Saffin တို့နှင့် တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ညနေ(၁၅:၀၀) နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၌  ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ် က တွေ့ဆုံရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ CRPH ၏ အကြံပေး ကျွမ်းကျင်သူ Ms. Janelle Saffin (သြစတေးလျ ပါလီမန်အမတ်)က ပညာရေးကဏ္ဍအတွက် လိုအပ်သော လုပ်ငန်းစဥ်များအား ပိုမိုချိတ်ဆက်လုပ်ဆောင်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများ လက်ခံထားသည့် ဖက်ဒရယ်နိုင်ငံတစ်ခု တည်ဆောက်ရာတွင်  လူမျိုးစုအားလုံး တန်းတူညီမျှစွာ ပါဝင်နိုင်ရေးအတွက် ထည့်သွင်းစဥ်းစားပေးနိုင်မည့် ပညာရေးစနစ်တစ်ခု လိုအပ်ကြောင်း  ပြောကြားခဲ့သည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဒေါ်ကြည်ကြည်အုန်း က Professor Joseph Lo Bianco ၏ ကိုယ်ရေးအကျဥ်းအား ဖတ်ကြားခဲ့ကာ သြစတေးလျပညာရှင် Professor Joseph Lo Bianco က ကြားကာလပညာရေးတွင် လိုအပ်သည့် ပညာရေးမူဝါဒများ၊ ကော်မတီအနေဖြင့် အနာဂတ်တွင် အကောင်အထည်ဖော်လုပ်ဆောင်နိုင်သော ပညာရေး ဆိုင်ရာလုပ်ငန်းများအား ဆွေးနွေးမျှဝေခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက သိလိုသည်များ ဆွေးနွေးမေးမြန်း၍ ဆွေးနွေးပွဲအား (၁၆:၄၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။

ယခုဆွေးနွေးပွဲသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ဘာသာစကားအရေးပါမှုများနှင့် မြန်မာနိုင်ငံ ကဲ့သို့ လူမှုရပ်ဝန်းတစ်ခုတွင်ရှိသင့်သည့် ဘာသာစကားနှင့်သက်ဆိုင်သည့် မူဝါဒများအား သိရှိနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2833/
class=wp-image-2834/
Scroll to Top