Refresh

This website crphmyanmar.org/publications/crph-chair-gave-brief-overview-of-situation-in-myanmar-at-ipu-panel-discussion/ is currently offline. Cloudflare's Always Online™ shows a snapshot of this web page from the Internet Archive's Wayback Machine. To check for the live version, click Refresh.

Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နိုင်ငံတကာပါလီမန်များအဖွဲ့က ကြီးမှူးကျင်းပသည့်ဆွေးနွေးပွဲသို့ တက်ရောက်၍ မြန်မာနိုင်ငံအခြေအနေများအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နိုင်ငံတကာပါလီမန်များအဖွဲ့က ကြီးမှူးကျင်းပသည့်ဆွေးနွေးပွဲသို့ တက်ရောက်၍ မြန်မာနိုင်ငံအခြေအနေများအား ရှင်းလင်းတင်ပြ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာဒီမိုကရေစီနေ့တွင် နိုင်ငံတကာပါလီမန်များအဖွဲ့က ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်  တက်ရောက်၍ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့သည်။

ဥက္ကဋ္ဌ က ရှင်းလင်းတင်ပြရာတွင် “ဆွေးနွေးပွဲ ခေါင်းစဉ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်မှာ (၂၅) နှစ်ပြည့်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့အချိန်ထိ ကြေညာစာတမ်းသည် အရေးကြီးနေဆဲပင် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ပြည်သူများသည် ခြိမ်းခြောက်မှုအောက် ရောက်ရှိနေသည့် ဒီမိုကရေစီကို ကာကွယ်နေရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပြည်သူများသည် လွတ်မြောက်မှုနှင့် ရှင်သန်မှုများ ကြီးကြီးမားမား ထိခိုက်နေမှုကြားမှပင် နေ့စဉ်နေ့တိုင်း ကာကွယ်နေရပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း IPU က ချမှတ်ထားသည့် အဓိက တန်ဖိုး (၅) ရပ်ကို အတတ်နိုင်ဆုံး လုပ်ဆောင်နေပါကြောင်း၊ ယခုကဲ့သို့ အလွန်ဆိုးရွားသည့် အခြေအနေတွင် လိုအပ်ချက်အရ လွတ်လပ်၍ တရားမျှတသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ ဖြစ်ပါကြောင်း၊ ဖမ်းဆီးမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့်တိုင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို (၄) ကြိမ်တိုင် ကျင်းပခဲ့ပါကြောင်း၊ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်းနှင့် အစိုးရအား ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ IPU က ဒီမိုကရေစီစနစ်သည် ကိုယ့်ကိုယ်ကို မှန်ကန်အောင် ဆောင်ရွက်ပေးသည့် တစ်ခုတည်းသော နိုင်ငံရေးစနစ်ဟု ဆိုပါကြောင်း၊ ယင်းစနစ်သည်သာလျှင် အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းများ၏ အခြေခံ ဖြစ်ပါကြောင်း၊ ၁၉၆၂ ခုနှစ် နောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပထမဆုံးအရပ်သားအစိုးရက ၂၀၂၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်သည် မအောင်မြင်သည့် အာဏာသိမ်းမှုကို ကြိုးပမ်းခဲ့သည်မှာ (၁၉) လကျော် ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြည်သူ (၂,၂၄၃ ) ဦးကျော် သတ်ဖြတ်ခံထားရပြီး (၁၁,၀၀၀) ကျော် ဥပဒေမဲ့ ဖမ်းဆီးခံထားရပါကြောင်း၊ အများအပြားသည် ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မ လိင်အကြမ်းဖက်မှုများအပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းတို့ကို ဆိုးရွားစွာ ခံနေရပါကြောင်း၊ နိုင်ငံတော်၏ သယံဇာတများကို ဖျက်ဆီးခံနေရပြီး တိုင်းပြည်၏ စီးပွားရေးကိုလည်း အလုံးစုံ ပျက်သုဉ်းရေးဆီ တွန်းပို့နေပြီး ကျရှုံးနိုင်ငံတစ်ခုအဖြစ် ဖန်တီးနေပါကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ရက်စက်‌သော လုပ်ရပ်များကြောင့် ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး နယ်စပ်၊ တောတောင်များတွင် ပုန်းခိုနေရပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းပြည်ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများသည် မိမိတို့အနေဖြင့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ကြုံတွေ့နေရသည့်တိုင် ဒီမိုကရေစီကို ကာကွယ်နေပါကြောင်း၊ အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေပါကြောင်း၊ ယင်းရွေးကောက်ပွဲအား အသိအမှတ်မပြုစေလိုပါကြောင်း၊ ယင်းလုပ်ရပ်သည် မြန်မာပြည်သူများနှင့် ဒီမိုကရေစီအား စော်ကားခြင်းပင် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်လွှတ်တော်များအနေဖြင့် CRPH အား တရားဝင်အသိအမှတ်ပြုရန်နှင့် CRPH နှင့် လွှတ်တော်ချစ်ကြည်ရေးအဖွဲ့များ ဖွဲ့စည်းသွားရန် အဆိုများ ချမှတ်သွားရန် တိုက်တွန်းတောင်းဆိုပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ပြည်သူများအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးမည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ ရေးဆွဲနိုင်ရန် ထောက်ပံ့ပေးရန် တောင်းဆိုပါကြောင်း” ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2404/
class=wp-image-2405/
class=wp-image-2406/
class=wp-image-2407/
Scroll to Top