Home / ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်

၁။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့သည့်အတွက် ဦးအောင်ဆန်းမြင့်၏ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနှင့်တကွ ကရင်နီပြည်သူပြည်သားအားလုံးနှင့်ထပ်တူ အလွန်ဝမ်းနည်း ကြေကွဲရပါသည်။

၂။ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်သည် ကရင်နီပြည်သူများ၏ တန်းတူရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် တိုင်ပွဲဝင်ခဲ့ရုံမျှမက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် နွေဦးတော်လှန်ရေးအောင်မြင်ရေးတို့ အတွက် မဟာမိတ်အင်အားစုများနှင့်လက်တွဲကာ ကြိုးပမ်းအားထုတ်ခဲ့သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်။

၃။ အာဏာရှင်စနစ်ဆန့်ကျင်ရေး အကူးအပြောင်းကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အရေးပါသော ခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီပြည်သူများအတွက်သာမက တော်လှန်ရေးအင်အားစုတစ်ရပ်လုံးအတွက်ပါ ကြီးမားသည့်ဆုံးရှုံးမှု ဖြစ်ပါသည်။ မိမိတို့အနေဖြင့် မိမိတို့အားလုံး၏ ဘုံရည်မှန်းချက်များ အောင်မြင်သည်အထိ မဟာမိတ် အင်အားစုအားလုံးနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု အလေးအနက် ကတိပြုလျက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာအား ညှိုးငယ်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top