Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ကုလသမဂ္ဂဆိုင်ရာ မလေးရှားအမြဲတမ်းကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ကုလသမဂ္ဂဆိုင်ရာ မလေးရှားအမြဲတမ်းကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ကျင်းပသည့် ရေရှည်တည်တံ့ဖွံ့ဖြိုးမှုဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့်နိုင်ငံရေးဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မလေးရှား အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး H.E. Mr. Ahmed Faisal Muhamad အား ၂၂-၇-၂၀၂၅ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးအခြေအနေများ၊ အာဆီယံ၏ မြန်မာ့အရေးကူညီဖြေရှင်းမှု ကြိုးပမ်းချက်များ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ လုပ်ဆောင်နေမှုများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက မလေးရှားနိုင်ငံက ဆောင်ရွက်နေသည့် မြန်မာ့အရေးဆိုင်ရာ ကြိုးပမ်းချက်များအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ပေးရန် တိုက်တွန်းခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်ဖြူဖြူလွင်၊ ဒေါ်မြမျိုးအေးတို့လည်း တွေ့ဆုံမှုသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top