Home / ရေးရာကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးညှိနှိုင်းခြင်းတို့အတွက် တွေ့ဆုံ

ရေးရာကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးညှိနှိုင်းခြင်းတို့အတွက် တွေ့ဆုံ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးညှိနှိုင်းခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က ရေးရာကော်မတီများ၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ဆောင်ရွက်ဆဲကိစ္စရပ်များကို ညှိနှိုင်းချိတ်ဆက်နိုင်ရန် ယခုကဲ့သို့တွေ့ဆုံမှုသည် အရေးပါလှပြီး အကျိုးရလဒ်များ ဖော်ဆောင်နိုင်မည်ယုံကြည်ပါကြောင်း အဖွင့်အမှာစကားပြောကြားကာ  ရေးရာကော်မတီအဖွဲ့ဝင်များက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ မျှဝေရာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်အခြေအနေများ၊ ပြည်သူ့ဝန်ထမ်း CDMer များအား ထောက်ပံ့ပေးနေသည့်အခြေအနေများ၊ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ မြေပြင်အခြေအနေများ၊ ဖက်ဒရယ်ဆိုင်ရာသင်တန်းများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ CDM ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက်ပညာသင်ယူနိုင်ရေး အစီအစဥ်များ ဖော်ထုတ်ခြင်းအတွက် ဆောင်ရွက်နေသည့် အခြေအနေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး ညှိနှိုင်းလုပ်ဆောင်နိုင်မည့်လုပ်ငန်းများ ပြောကြားကာ အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top