Home / အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၂/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအနေဖြင့် ပ.အ.ဖ (မြို့နယ်၊ ခရိုင်) ဖွဲ့စည်းမှု၊ ပ.လ.ဖ ဖွဲ့စည်းမှု၊ ရဲတပ်ဖွဲ့ ဖွဲ့စည်းမှု၊ ပ.လ.ဖ သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ အမှုအခင်းများအတွက် ဆောင်ရွက်ထားရှိမှု၊ မူးယစ်ဆေးဝါးဖျက်ဆီးမှု၊  တိုင်းအလိုက် တွေ့ဆုံဆွေးနွေးမှုများ၊  တိုင်ကြားစာများအား ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဥ်း၍ အသေးစိတ်ရှင်းလင်းတင်ပြကာ ရှေ့လုပ်ငန်းစဥ်များလည်း ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းကာ တာဝန်ရှိသူများက   ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးချက်များအရ ရှေ့ဆက်ချိတ်ဆက် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းပြောကြားခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top