Home / ဂျပန်အောက်လွှတ်တော်၏ မြန်မာနိုင်ငံအတွင်းစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုံ့ချကြောင်းဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အသိအမှတ်ပြုကျေးဇူးတင်ကြောင်း ပေးပို့ခြင်း

ဂျပန်အောက်လွှတ်တော်၏ မြန်မာနိုင်ငံအတွင်းစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုံ့ချကြောင်းဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အသိအမှတ်ပြုကျေးဇူးတင်ကြောင်း ပေးပို့ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်

ဂျပန်နိုင်ငံအောက်လွှတ်တော်မှ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချပြီး ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တိုက်တွန်းနှိုးဆော်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်အတွက် ကျွန်ုပ်တို့က အသိအမှတ်ပြုကျေးဇူးသိရှိကြောင်း ဖော်ပြလိုပါသည်။

ဂျပန်နိုင်ငံအောက်လွှတ်တော်၏ ဤဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက်နှင့် ကမ္ဘာ့ဒီမိုကရေစီ အနာဂတ် လမ်းကြောင်းအတွက်ပါ အမှန်တကယ် ကြီးမားသောအားပေးမှုနှင့် အထောက်အပံ့တစ်ခုပင်ဖြစ်သည်။ တစ်ချိန် တည်းမှာပင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့၌ ယခင်ကတည်းက ပါဝင်ကူညီ ပေးခဲ့သည့်အတွက် ဂျပန်နိုင်ငံလွှတ်တော်ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် တရားဝင်အဖွဲ့အစည်းတစ်ခု အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် နိုင်ငံတကာအသိုက်အဝန်းနှင့် အားသွန်ခွန်စိုက် လက်တွဲဆောင်ရွက်ပြီး စစ်ကောင်စီ၏ တရားမဝင်ဖမ်းဆီးမှုနှင့် လူမဆန်သော တိုက်ခိုက်မှုတို့ကို ရပ်တန့်ရန် အတွက် သံတမန်အရင်းအမြစ်အားလုံးကို အသုံးပြုရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်သည်။

တစ်ကမ္ဘာလုံးက စည်းလုံးညီညွတ်စွာ ပါဝင်လာပါက ကမ္ဘာ့ဒီမိုကရေစီအနာဂတ်ကို ပြန်လည်ထိန်းသိမ်းရရှိနိုင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့က အကြွင်းမဲ့ ယုံကြည်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top