ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ကြေညာချက်အမှတ် (၄/၂၀၂၆)
၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ကြေညာခြင်း
ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းအား လုပ်ထုံးလုပ်နည်းများနှင့် အညီ အတည်ပြုပြဋ္ဌာန်း၍ လွတ်လပ်သော ကော်မရှင်တစ်ရပ်အဖြစ်ဖွဲ့စည်းကာ လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၃-၅-၂၀၂၁ ရက်နေ့တွင် ဖွဲ့စည်းထားရှိ သော အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အား ဖျက်သိမ်း ကြောင်း ကြေညာလိုက်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


