ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး
ဒုတိယနေ့ အစီအစဉ်
၁၉-၁၂-၂၀၂၅ ရက် (သောကြာနေ့) ၊ နံနက် ၁၀:၀၀ နာရီ
၁။ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။
၂။ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ဒုတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းသည့်အဆိုနှင့်စပ်လျဉ်း၍ အောက်ပါကိုယ်စားလှယ်များက ဆွေးနွေးခြင်း-
(က) ဒေါ်နီနီဒွန်း၊ ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး
(ခ) ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဂ) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်၊ မကွေးတိုင်းဒေသကြီး
(ဃ) ဦးဝင်းစွမ်၊ တာချီလိတ်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်
၄။ အဆိုနှင့်စပ်လျဉ်း၍ အဆိုရှင်၏ သဘောထားကို ရယူခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၅။အောက်ပါမေးခွန်းများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဖြေကြားခြင်း-
(က) ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆) မှ ဦးနေကျော် ၏ ‘‘မသန်စွမ်း သူများ၏ အခွင့်အရေးကို အာမခံနိုင်ရန်အတွက် NUG အနေဖြင့် ကျယ်ပြန့် အားကောင်းပြီး ရေရှည်တည်တံ့သော လှုပ်ရှားမှုများကို ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ’’ နှင့် စပ်လျဉ်းသည့်မေးခွန်း။
(ခ) ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၏ ‘‘စစ်ကောင်စီအား ILO Article 33 အရ အရေးယူမှုလုပ်ငန်းစဉ် ထိရောက်၍ ပိုမိုအားကောင်းလာ စေရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း’’ နှင့် စပ်လျဉ်း သည့်မေးခွန်း။
(ဂ) ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာဝင်းရွှေ ၏ ‘‘Volunteer CDM ဆရာ၊ ဆရာမများအား ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိ၊ CDM ကျောင်းသား ကျောင်းသူများအား လာမည့်အနာဂတ်တွင် မည်သို့မည်ပုံ ကုစားပေးမည် ဆိုသည့် အစီအစဉ် ရှိ/မရှိ’’ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်မူကြမ်းအား လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခြင်း။
၇။ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်မူကြမ်းအပေါ် လွှတ်တော်၏ သဘောထား ရယူခြင်းနှင့် အတည်ပြုကြောင်း ကြေညာခြင်း။
၈။ ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ်အမှာစကားပြောကြားခြင်း။
၉။ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ဒုတိယနေ့ ပြီးဆုံးကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း ကြေညာခြင်း။


