၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (Myanmar Defense & Security Institute – MDSI) နှင့် ပူးပေါင်း၍ သုတေသနအစီရင်ခံစာ လေ့လာတွေ့ရှိချက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်အား ယနေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲအဖွင့်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် MDSI အဖွဲ့က မိတ်ဆက်ခြင်းနှင့် MDSI အဖွဲ့၏ သုတေသနအစီရင်ခံစာ လေ့လာတွေ့ရှိချက်များနှင့် စစ်ရေးဆိုင်ရာ သုံးသပ်အကြံပြုချက်များအား ရှင်းလင်းဆွေးနွေး ခဲ့ကြရာ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ CRPH ရေးရာကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ MDSI အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲအား နေ့လယ် ၁ နာရီခန့်တွင် ရပ်နားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



