Refresh

This website crphmyanmar.org/publications/4th-day-crph-meeting-and-discussion-with-members-of-union-parliament/ is currently offline. Cloudflare's Always Online™ shows a snapshot of this web page from the Internet Archive's Wayback Machine. To check for the live version, click Refresh.

Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်စတုတ္ထနေ့ ဆက်လက်ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်စတုတ္ထနေ့ ဆက်လက်ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် “လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များ” အား ရှင်းလင်းတင်ပြခြင်း အစီအစဥ်၏ စတုတ္ထနေ့အဖြစ် ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဖိတ်ခေါ်တွေ့ဆုံ၍ ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် CRPH ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် အကောင် အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအပါအဝင် ရေးရာကော်မတီများ၏လုပ်ငန်းများ အကျဥ်းချုပ် ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ပြည်ထောင်စုလွှတ်တော်၏အခန်းကဏ္ဍနှင့် လွှတ်တော်ခေါ်ယူကျင်းပနိုင်ရေးကိစ္စ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဥ်းသည့်ကိစ္စ၊ ထပ်မံတိုးချဲ့ဖွဲ့စည်းသင့်သောရေးရာကော်မတီများကိစ္စနှင့် မြေပြင်အခြေအနေများအပေါ် မေးခွန်းများ မေးမြန်းခြင်းနှင့်အကြံပြုချက်များ တင်ပြဆွေးနွေးခြင်းတို့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသို့ CRPH ၏ ရှင်းလင်းတင်ပြခြင်းအစီအစဥ်များတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများက မေးခွန်းများအပေါ် ရှင်းလင်းဖြေကြားခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2819/
class=wp-image-2820/
class=wp-image-2821/
class=wp-image-2822/
Scroll to Top