Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်တတိယနေ့ ဆက်လက်ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်တတိယနေ့ ဆက်လက်ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် “လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များ” အား ရှင်းလင်းတင်ပြခြင်း အစီအစဥ်၏ တတိယနေ့အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဖိတ်ခေါ်တွေ့ဆုံ၍ ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် CRPH ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် အကောင် အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နိုင်ငံတကာလွှတ်တော်များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ချိတ်ဆက် လုပ်ဆောင်နေမှုများ၊ နိုင်ငံတဝှမ်းရှိ CDM သူရဲကောင်းများနှင့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ပြည်သူ့ကိုယ်စားလှယ်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်နိုင်ရေး အခြေအနေများ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့နှင့်အတူ ပိုမိုချိတ်ဆက်၍ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသို့ CRPH ၏ ရှင်းလင်းတင်ပြခြင်းအစီအစဥ်များတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက မေးခွန်းများအပေါ် ရှင်းလင်းဖြေကြားခဲ့ကြပါသည်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2805/
class=wp-image-2806/
class=wp-image-2807/
class=wp-image-2808/
class=wp-image-2809/
Scroll to Top