Home / Kachin Political Interim Coordination Team (KPICT) ဖွဲ့စည်းမှုကို ကြိုဆိုထောက်ခံပါကြောင်း

Kachin Political Interim Coordination Team (KPICT) ဖွဲ့စည်းမှုကို ကြိုဆိုထောက်ခံပါကြောင်း

class=wp-image-1176/

ကြေညာချက် အမှတ် ( ၁၅/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်
မတ်လ (၁၈)ရက်၊ ၂၀၂၁ခုနှစ်။

၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်တီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။

၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသော နိုင်ငံရေးပါတီများ၊ အရပ်ဘက် နိုင်ငံ ရေး အင်အားစုများ၊ လူပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

၃။ ကချင်အမျိုးသားများကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက် ရန်အတွက် Kachin Political Interim Coordination Team (KPICT) ကို ဖွဲ့စည်းပြီး၊ ရည်ရွယ်ချက် (၃) ရပ် ပါဝင်သော ထုတ်ပြန် ကြေညာချက်ကို ၂၀၂၁ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် Kachin Political Interim Coordination Team (KPICT) ဖွဲ့စည်းမှုနှင့် ၎င်း ထုတ်ပြန် ကြေညာချက်ကို ကြိုဆိုထောက်ခံပါကြောင်း နှင့် အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး တို့အတွက် အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top