ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
သတင်းထုတ်ပြန်ချက် အမှတ် ( ၆ )
အာဇာနည်သမီးငယ် မမြသွဲ့သွဲ့ ခိုင်အား ဂုဏ်ပြုဦးညွှတ်ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်
၁။ ၉-၂- ၂၀၂၁ ရက်နေ့က နေပြည်တော် သပြေကုန်းအဝိုင်း စစ်အာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွင် သေနတ်ဖြင့် ဦးခေါင်းအား ပစ်ခတ်ခံခဲ့ရသော မမြသွဲ့သွဲ့ခိုင် အသက်(၁၉)နှစ်သည် ယနေ့ ၁၉-၂-၂၀၂၁ ရက် နံနက် ၁၁:၀၅ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေဖြင့် သမီးငယ် မမြသွဲ့သွဲ့ခိုင်အား အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လျက် ဦးညွှတ်အလေးပြုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
၂။ နိုင်ငံ့ဝန်ထမ်းများ၊ လူငယ်ကျောင်းသားများ၊ ပြည်သူများအနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို တရားမဝင်စစ်ကောင်စီအား ဖယ်ရှားနိုင်သည်အထိ အရှိန်မြှင့်တင် ဆင်နွှဲကြပါရန် တိုက်တွန်းပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


