Home / သတင်းထုတ်ပြန်ချက် အမှတ်( ၆ ) ဖေဖော်ဝါရီလ၊ (၁၉)ရက်

သတင်းထုတ်ပြန်ချက် အမှတ်( ၆ ) ဖေဖော်ဝါရီလ၊ (၁၉)ရက်

class=wp-image-464

အာဇာနည်သမီးငယ် မမြသွဲ့သွဲ့ ခိုင်အား ဂုဏ်ပြုဦးညွှတ်ပါသည်။

၁။ ၉-၂- ၂၀၂၁ ရက်နေ့က နေပြည်တော် သပြေကုန်းအဝိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွင် သေနတ် ဖြင့် ဦးခေါင်းအား ပစ်ခတ်ခံခဲ့ရသော မမြသွဲ့သွဲ့ခိုင် အသက်(၁၉)နှစ်သည် ယနေ့ ၁၉-၂-၂၀၂၁ ရက် နံနက် ၁၁း၀၅ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အနေဖြင့် သမီးငယ် မမြသွဲ့သွဲ့ခိုင်အား အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လျက် ဦးညွှတ် အလေးပြုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၂။ နိုင်ငံ့ဝန်ထမ်းများ၊ လူငယ်ကျောင်းသားများ၊ ပြည်သူများ အနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို တရားမဝင် စစ်ကောင်စီအား ဖယ်ရှားနိုင်သည်အထိ အရှိန်မြှင့်တင် ဆင်နွှဲကြပါရန် တိုက်တွန်းပါသည်။

Scroll to Top