
(၇၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့ပေးပို့သည့်သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ၁။ ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် လွတ်လပ်ရေး ရရှိရန်အတွက် နယ်ချဲ့ဖက်ဆစ်များကို တွန်းလှန်တိုက်ထုတ်ရာတွင်လည်းကောင်း၊ ခေတ် အဆက်ဆက် ပြည်သူလူထုအား လက်နက်အားကိုးဖြင့် ဖိနှိပ်အုပ်ချုပ်ရန် ကြိုးပမ်းခဲ့ကြသည့် စစ်အာဏာရှင်အဆက်ဆက်ကိုလည်းကောင်း အသက်၊ သွေး၊ ချွေး တို့

(၃၅)နှစ်မြောက် ချင်းတော်လှန်ရေးနေ့သို့ပေးပို့သည့်သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက် ၁။ ယနေ့ကျရောက်သည့် (၃၅)နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တကွ ပြည်သူများအားလုံး၏ မဆုတ်မနစ် ဇွဲသတ္တိကြီးမားစွာဖြင့် မတူကွဲပြားမှုများအား တူညီခွန်အားအဖြစ် အသုံးချ၍ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်သို့ လျှောက်လှမ်းရာ ခရီးလမ်းတွင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မိမိတို့၏ တည်ကြည်

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၅)နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ပေးပို့သည့်သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက် ၁။ ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် တက္ကသိုလ် ပရဝဏ်အတွင်း၌ပင် စစ်အာဏာရှင် နေဝင်း၏ အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၅) နှစ်


(၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် ၁။ ချင်းလူမျိုးများသည် မိမိတို့ကိုယ်ပိုင်ယဥ်ကျေးမှု၊ စာပေနှင့် ကိုယ်ပိုင်ဓလေ့ထုံးတမ်းများကို တန်ဖိုးထားလေးစားသူများဖြစ်ပြီး မတူကွဲပြားမှုများရှိသော်လည်း ညှိနှိုင်းအဖြေရှာ ဆွေးနွေးမှုများ ဖြင့် စည်းလုံးမှုကို တည်ဆောက်နိုင်ခဲ့ကြသည့် လေးစားထိုက်သော သမိုင်းမှတ်တမ်း ပိုင်ရှင်များ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ချင်းဝိသေသတိုင်း

ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ၁။ ယနေ့ အချိန်အခါသမယသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအားလုံး၏ စည်းလုံး ညီညွတ်မှုအင်အားဖြင့် ပင်လုံစာချုပ်အား သဘောတူညီချုပ်ဆိုနိုင်ခဲ့သည့် မိမိတို့နိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ပြီး ယနေ့ဆိုလျှင် (၇၆)နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်း တောင်တန်းမြေပြန့်ဒေသများရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအားလုံးက ရည်ရွယ်ကြိုးပမ်း နေသည့် ငြိမ်းချမ်းသာယာဝပြောသော