
အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ အလုပ်သမားရေးရာကော်မတီဝင်များသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၆၀၀နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ပြည်တွင်းပြည်ပရှိ စစ်ဘေးရှောင်ပြည်သူများနှင့် CDM များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု

အန္တရာယ်နှင့် ကြုံတွေ့နေရသော အရှေ့တောင်အာရှရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆိုးရွားသော အခြေအနေများနှင့်စပ်လျဉ်း၍ APHR ၏ အစီရင်ခံစာ
အန္တရာယ်နှင့် ကြုံတွေ့နေရသော အရှေ့တောင်အာရှရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆိုးရွားသော အခြေအနေများနှင့်စပ်လျဉ်း၍ APHR ၏ အစီရင်ခံစာအား တင်ပြအပ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။ https://aseanmp.org/2023/03/04/new-report-denounces-the-worsening-situation-of-parliamentarians-at-risk-in-southeast-asia/ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကော်မတီဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့၊ ၁၃၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၏ မြေပြင်တွင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ကြုံတွေ့နေရသည့်အခက်အခဲများ၊

လွှတ်တော်လုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH) တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ၁၈၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးပါထန်းတို့က အဖွင့်နှုတ်ခွန်းဆက်စကားများ အသီးသီး

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသော လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ထိရောက်အောင်မြင်စေရေးအတွက် တွေ့ဆုံဆွေးနွေး
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ၁၅၀၀ နာရီတွင် CRPH မှ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) တို့မှ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများအတွင်းရှိ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ

ပညာရေးကော်မတီနှင့် ဥပဒေရေးရာကော်မတီတို့ကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်
ပညာရေးကော်မတီနှင့် ဥပဒေရေးရာကော်မတီတို့ကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၊ ၁၅၀၀ နာရီအချိန်တွင် ဗီဒီယိုကွန် ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ပညာရေးကော်မတီဥက္ကဋ္ဌက တွေ့ဆုံရသည့်အကြောင်းရင်းအား ရှင်းလင်းတင်ပြရာတွင် ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံခဲ့သည့် ရလဒ်များအပေါ် ဥပဒေရေးရာကော်မတီနှင့် ရှေ့လုပ်ငန်းစဥ်များတွင် ပိုမိုချိတ်ဆက်လုပ်ကိုင်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍