
ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့က ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုဆိုင်ရာဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ခဲ့
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့သည် International IDEA ၏ ထောက်ပံ့ကူညီမှုဖြင့် ဖက်ဒရယ်နိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုဆိုင်ရာ ဆွေးနွေးပွဲများအား အပတ်စဥ် တနင်္ဂနွေနေ့တွင် ဗီဒီယိုကွန် ဖရင့်မှတစ်ဆင့် စီစဥ်ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲများအား မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် ကဏ္ဍပေါင်းစုံမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များအနေဖြင့် ဖက်ဒရယ်ဆိုင်ရာ

ဖက်ဒရယ်နိုင်ငံများတွင် ရေးဆွဲကျင့်သုံးလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ အာဏာခွဲဝေမှုများ၊ ဥပဒေပြုရေးစနစ်၊ ဘဏ္ဍာရေးစနစ်များ၊ ပြည်ထောင်စု/ ပြည်နယ်/ ယူနစ်နယ်မြေ အကြောင်းအရာများနှင့် ဖက်ဒရယ်နိုင်ငံအချို့၏ စံနမူနာယူရမည့် ဖက်ဒရယ်ပြောင်းလဲမှုဖြစ်စဉ်များနှင့်စပ်လျဉ်းသည့် လေ့လာဆွေးနွေးပွဲများ စီစဉ်ကျင်းပ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ လွှတ်တော်ကိုယ်စားလှယ်များက စစ်ကိုင်းတိုင်းဒေသကြီးရှိ မြေပြင်အခြေအနေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဆောင်ရွက်နေသော

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖက်ဒရယ်စနစ်နှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ ဆရာ၊ ဆရာမဖြစ်သင်တန်းများ ပြုလုပ် ကျင်းပ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများဖြစ်သော ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့ပူးပေါင်း၍ ဖက်ဒရယ်စနစ်နှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ ဆရာ၊ ဆရာမဖြစ်သင်တန်းများအား မိတ်ဘက်အဖွဲ့အစည်းဖြစ်သည့် National Democratic Institute – NDI ၏ ပံ့ပိုးကူညီမှုများဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းများအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၄−၁၂−၂၀၂၃ ရက်နေ့မှ ၆−၁၂−၂၀၂၃

