အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီ
ကော်မတီသည် အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုနောက် စစ်ပွဲများနှင့် မတရားဖမ်းဆီးနေမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီစောင့်ရှောက်မှု လိုအပ်နေသော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအတွက် လိုအပ်သော အကူအညီများ ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။
လူငယ်နှင့် ကလေးသူငယ်များ ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေးနှင့် လုံခြုံသည့် နေရာများ တွင် တစ်နည်းနည်းဖြင့် ပညာဆက်လက်သင်ကြားနိုင်ရန်၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားချိန်တို့တွင် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် စရိတ်များထောက်ပံ့ပေးနိုင်ရန်၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ့တော်လှန်ရေးရဲဘော်လူငယ်များအား ကူညီ စောင့်ရှောက်မှုများ ပေးနိုင်ရန်တို့အတွက် အဓိကထား၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဖွဲ့စည်းထားသော ရေးရာကော်မတီများ၊ မိမိတို့ကော်မတီနှင့် ဆက်စပ်သက်ဆိုင်သော အမျိုးသားညီညွတ်ရေး အစိုးရ၏ ဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။
အနာဂတ် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရာတွင်လည်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်တို့၏ အခွင့်အရေးများ ရရှိနိုင်စေရန်အတွက် ဥပဒေ၊ မူဝါဒများ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာစေရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Menu