ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး
တတိယနေ့အစီအစဉ် (လျာထားချက်)
၂–၂-၂၀၂၃ ရက် (ကြာသပတေးနေ့) ၊ နံနက် ၁၀:၀၀ နာရီ
၁။ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။
၂။ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး တတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ ၁-၂-၂၀၂၃ ရက်နေ့တွင် ၁၀း၀၀ မှ ၁၅း၀၀ နာရီထိ ပြုလုပ်ခဲ့သော Silent Strike (တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်)တွင် ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူလူထုအား ပြည်ထောင်စုလွှတ်တော်က ချီးကျူးဂုဏ်ပြုကြောင်း အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၄။ ဖက်ဒရယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာအား လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၅။ အောက်ပါမေးခွန်းများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဖြေကြားခြင်း-
(က) ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး၏ “CDM ကျောင်းသူ၊ ကျောင်းသားများ၏ အနာဂတ် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုကို သိလိုခြင်း” နှင့်စပ်လျဉ်းသည့် မေးခွန်း။
( ခ ) ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းရွှေ၏ “မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီသည် အရေးကြီးလိုအပ်နေပြီ ဖြစ်ပါသဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များကို မည်သို့ ထိထိရောက်ရောက် ကူညီကယ်ဆယ်လုပ်ဆောင်မည်ကို သိလိုခြင်း” နှင့် စပ်လျဥ်းသည့် မေးခွန်း။
( ဂ ) စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏ၏ “မြို့ပြဆိုင်ရာ CDM ဝန်ထမ်းများကို ပြည်သူ့ရင်ခွင်ကဲ့သို့ ထောက်ပံ့ပေး နိုင်ရန် စီစဉ်ထားမှု ရှိ၊ မရှိ နှင့် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း” နှင့်စပ်လျဉ်းသည့်မေးခွန်း။
(ဃ) ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်၏ “CDM ဆရာ/ဆရာမများနှင့် CDM ကျောင်းသားများ အတွက် ပညာရေးဝန်ကြီးဌာမှ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိလိုခြင်း” နှင့်စပ်လျဉ်းသည့်မေးခွန်း။
၆။ ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ် အမှာစကား ပြောကြားခြင်း။
၇။ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး တတိယနေ့ ပြီးဆုံးကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခြင်း။