ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး
ပထမနေ့ အစီအစဉ်
၁-၂-၂၀၂၄ ရက် (ကြာသပတေးနေ့) ၊ နံနက် ၁၀:၀၀ နာရီ
၁။ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။
၂။ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁၀) စက္ကန့်ငြိမ်သက်ခြင်း။
၄။ ပြည်ထောင်စုလွှတ်တော် နာယက က အဖွင့်အမှာစကား ပြောကြားခြင်း။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၇။ ကယား/ကရင်နီပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးရောဘတ်ညေးရယ် က ပြည်ထောင်စုလွှတ်တော်၏ သဘောထား ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြား တင်သွင်းခြင်းနှင့် အတည်ပြုချက်ရယူခြင်း။
၈။ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ဥက္ကဋ္ဌ Hon. Dr. Tulia Ackson ထံမှ ပေးပို့သော အမှတ်တရအမှာစကား ဗီဒီယိုအား ပြသခြင်းနှင့်လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၉။ ဥရောပပါလီမန် ဒုတိယ ဥက္ကဋ္ဌ မစ္စ ဟေဒီဟောတလာ ထံမှ ပေးပို့သော အမှာစကား ဗီဒီယိုအား ပြသခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၀။ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR)မှ ဥက္ကဋ္ဌ Hon. Madam Mercy Chriesty Barends ၏ ပေးပို့သော အမှာစကားအား နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း က ဖတ်ကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၁။ မြန်မာ့လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက် လွှတ်တော် ကိုယ်စားလှယ် Janelle Saffin က အမှာစကား ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၃။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာလွှတ်တော် အသိုက် အဝန်းနှင့် ဆက်ဆံရေးခိုင်မာ အားကောင်းလာစေရေး ဆောင်ရွက်ချက်များနှင့် တိုးတက် ဖြစ်ထွန်းမှုများဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၅။ အစည်းအဝေး ၁၀ မိနစ်ခန့် ခေတ္တရပ်နားခြင်း။
၁၆။ ရှမ်းပြည်နယ်၊ နမ့်ဆန်မဲဆန္ဒနယ်မှ မိုင်းလမင်းထွန်း က “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နွေဦး တော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်နိုင်ရန် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန် ပိုမိုအားကောင်းလာစေပြီး နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား အင်အားစုများအကြား ဗျူဟာမြောက် စုစည်း ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးအား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်း ကြောင်း” အဆိုတင်သွင်းခြင်း။
၁၇။ အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-
(က) ဒေါ်ခင်နှင်းထွေး၊ မဲဆန္ဒနယ်အမှတ်(၈)၊ ကချင်ပြည်နယ်
( ခ ) ဦးကျော်စွာဝင်း၊ ကသာမဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
( ဂ ) ဒေါ်စီစီသက်၊ တနင်္သာရီမဲဆန္ဒနယ်၊ တနင်္သာရီတိုင်းဒေသကြီး
(ဃ) ဒေါ်နီနီဒွန်း၊ ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး
( င ) ဒေါ်ကေသီဇာလှိုင်း.၊ သထုံမဲဆန္ဒနယ်၊ မွန်ပြည်နယ်
( စ ) ဦးအာကာမျိုးထက်၊ မဲဆန္ဒနယ်အမှတ်(၇)၊ ရန်ကုန်တိုင်းဒေသကြီး
၁၈။ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်အဝေး ပထမနေ့ ပြီးဆုံးကြောင်း ကြေညာခြင်းနှင့် ဒုတိယနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်အား ကြေညာခြင်း။


