ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေး
ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးကို ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံတကာသံတမန်များ၊ လေ့လာသူများ စုစုပေါင်း ၂၇၁ ဦးတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့၏ အစီရင်ခံစာများ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရရှိခဲ့သည်။ ထို့နောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့်စပ်လျဉ်းသော အခြေအနေ အကျဉ်းချုပ်ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ အစီရင်ခံစာများကို ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
Menu