မူလ / ပြည်ထောင်စုလွှတ်တော် ပဥ္စမအကြိမ် အစည်းအဝေး၊ ပထမနေ့သို့ ပေးပို့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ မစ္စတာ ဒွားတီး ပချီကိုး ၏ မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော် ပဥ္စမအကြိမ် အစည်းအဝေး၊ ပထမနေ့သို့ ပေးပို့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ မစ္စတာ ဒွားတီး ပချီကိုး ၏ မိန့်ခွန်း

ချစ်ခင်အပ်ပါသော မြန်မာနိုင်ငံမှ မိတ်ဆွေများအားလုံးခင်ဗျာ
ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီကို တစ်သက်လုံးကာကွယ်နေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေသည့် အနေအထားများ အားလုံးဟာ လက်ခံနိုင်စရာ လုံးဝမရှိပါဘူး။ လွန်ခဲ့သောနှစ်နှစ် ကတည်းကဖြစ်နေခဲ့သည့် တရားမဝင်စစ်အာဏာသိမ်းမှုကို မိမိတို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ပြီးကတည်းက မိတ်ဆွေတို့နှင့်အတူ အတူရပ်တည် ရှိနေပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကာကွယ်ဖို့၊ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ဖို့၊ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် မိမိတို့အားလုံးထောက်ခံပေးနေခြင်းဖြစ်ပါတယ်။ စကားလုံးဖြင့်ပဲ တိုက်ပွဲဝင်နေ၍မရဘဲ ကျွန်တော်တို့အားလုံးက နေ့စဉ် ဆက်တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။ အဲလိုပါဘဲ ကျွန်တော်ကိုယ်တိုင်လည်း စစ်အာဏာရှင်စနစ်အပြီးမှာ မိမိနိုင်ငံမှာလည်း ဖြတ်ကျော်ခဲ့ရတာ ဖြစ်ပါတယ်။ ထို့ကြောင့် မိမိကိုယ်ချင်းစာစိတ်အပြည့်ရှိပါတယ်။

ဒီမိုကရေစီကို တန်းဖိုးထားတဲ့အတွက် အခုလို လူကြီးမင်းတို့အတူတူ ရှိနေတာ ဖြစ်ပါတယ်။ IPU မှလည်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး တန်ဖိုးထားပါတယ်။ အားလုံးနှင့်အတူရှိနေပါတယ်။ ကျွန်တော်တို့နှင့်အတူ ရှိနေပေးပါ။ ကျွန်တော်တို့ အရှုံးပေးမှာ မဟုတ်ပါဘူး။ ဒီစစ်ပွဲကို ကျွန်တော့်တို့ အနိုင်ရမှာပါ။ ကျေးဇူးတင်ပါတယ်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top