Octobe 4, 2022
The Labor Affairs Committee, Committee Representing Pyidaungsu Hluttaw (CRPH) and the Ministry of Labor, National Unity Government (NUG) had a meeting on 4 October 2022 at 15:00 PM through a virtual conference.
In the meeting, U Okkar Min, Chairman of the Committee gave the introductory remark and U Kyaw Ni, Deputy Minister of the Ministry explained the policies on labor affairs, current works of the Ministry. Then, the Committee Members and the officials from the Ministry discussed and questioned about the future cooperation between the Committee and the Ministry.
The Committee Chairman, Secretary and Members, Deputy Minister, Deputy Permanent Secretary and Director from the Ministry attended at the meeting. The meeting ended at 16:50 PM.
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
=======================================
CRPH မှ အလုပ်သမားရေးရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရမှ အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အလုပ်သမားရေးရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ယနေ့ (၁၅:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
စည်းအဝေးတွင် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်နီက ဝန်ကြီးဌာနမှ ချမှတ်ထားသော အလုပ်သမားရေးဆိုင်ရာ မူဝါဒများနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မတီဝင်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်နိုင်မည့် အလုပ်သမားရေးရာကဏ္ဍများနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးမေးမြန်း အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးသို့ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဒုတိယအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး ညနေ (၁၆:၅၀) နာရီတွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
