မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၏ CDM ပြည်သူ့ဝန်ထမ်းများအတွက် ဆောင်ရွက်ချက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၏ CDM ပြည်သူ့ဝန်ထမ်းများအတွက် ဆောင်ရွက်ချက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီအနေဖြင့် CDM သူရဲကောင်း ပြည်သူ့ဝန်ထမ်းများကို တစ်ထောင့်တစ်နေရာမှ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အရေးပေါ်ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံတကာမှအလှူရှင်များမှ လှူဒါန်းငွေများ၊ Ahlu Shin Application နှင့် Spring Legends YouTube Channel တို့၏ ကြော်ငြာများမှ ရရှိသည့် ဝင်ငွေများဖြင့် အမှန်တကယ် လိုအပ်လျက်ရှိသည့် CDM ၏ အရေးပေါ်ကိစ္စရပ်များအား ကူညီပံ့ပိုးလျက်ရှိပါသည်။

ကော်မတီ၏ အရေးပေါ်ကူညီပံ့ပိုးမှုများတွင် ကျန်းမာရေးနှင့်မီးဖွားစရိတ်အတွက် ၁သိန်းကျပ်၊ စားဝတ်နေရေး အခက်အခဲ အတွက် ၅ သောင်းကျပ်နှုန်းဖြင့် ခေါင်းစဉ် (၃) ခုဖြင့် အဓိကပံ့ပိုးပေးလျက်ရှိပြီး ကွယ်လွန်၊ အဖမ်းဆီးခံနှင့် နေအိမ်ရွှေ့ပြောင်းနှင့် အခြားအရေးပေါ် ကိစ္စရပ်များအတွက်လည်း အလျဉ်းသင့်သလို ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

ယခုဆိုလျှင် ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့ရေးရာကော်မတီအနေဖြင့် CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကို ကူညီပံ့ပိုးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ပြည်သူ့ရေးရာကော်မတီသည် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ဖြင့် တင်ပြလာသည့်နည်းလမ်း၊ Ahlu Shin Facebook Page မှ ဆက်သွယ်တင်ပြသည်များအား သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ Focal Persons များအား ပြန်လည်စိစစ်အတည်ပြုသည့် နည်းလမ်းစသည့် နည်းလမ်း (၂) မျိုးဖြင့် ရောက်ရှိလာသည့် CDM ဝန်ထမ်းများအား စိစစ်အတည်ပြု ထောက်ပံ့လျက်ရှိပါသည်။

ပြည်သူ့ရေးရာကော်မတီသည် CDM ဝန်ထမ်းများ၏ ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရမှ သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့်လည်း ချိတ်ဆက်ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

Ahlushin App

iOS Version Link

https://apps.apple.com/ph/app/ahlu-shin/id1629192579

Play Store Link

https://play.google.com/store/apps/details?id=com.cdmsupport.ahlushin

Direct Link

https://bit.ly/3oDwRfI

Spring Legends YouTube Channel

https://www.youtube.com/@springlegends7763

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top