The 3rd Session of the Pyidaungsu Hluttaw was virtually held today morning and 285 Representatives of the Pyidungsu Hluttaw among 446 elected parliamentarians from 2020 general election attended.
A group of observers and guests including Union Ministers, Deputy Ministers of the National Unity Government, Ambassadors, diplomats and guests from the international embassies, organizations, parliamentary bodies and parliamentarians, parliamentary development partners and specialist also attended the session.
In the 3rd session of the Pyidaungsu Hluttaw, MPs and guests took part in a minute’s silence to honor the fallen democracy defenders who made the ultimate sacrifice, giving their lives, in the past and current struggles.
Later, the Speaker of the Pyidaungsu Hluttaw H.E. U Aung Kyi Nyunt, Acting President of the National Unity Government (NUG) H.E. Mr. Duwa Lashi La, Union Prime Minister of the National Unity Government (NUG) H.E. Mahn Win Khaing Than delivered speech at the opening.
During the session, the statement of the Pyidaungsu Hluttaw was submitted by MP Mr. Robert Nal Yel and the Pyidaungsu Hluttaw approved the statement with the agreement of the attended MPs. The Report of the Committee Representing Pyidaungsu Hluttaw, the Report of the National Unity Government (NUG), the Report about the situation of the Regions and States were submitted by the respective Hluttaw Representatives and the Pyidaungsu Hluttaw recorded the reports.
The audiences enjoyed the Pyidaungsu Hluttaw Video Clip of the one-year milestone of the Committee Representing Pyidaungsu Hluttaw and the session was successfully concluded at 2 pm.
=========================
ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးအား Video Conference မှ တဆင့် ကျင်းပပြုလုပ်ခဲ့
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးအား Video Conference မှ တဆင့် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ( ၄၄၆) ရှိသည့်အနက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ( ၂၈၅) ဦးတက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ အမျိုးညီညွတ်ရေးအစိုး အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ နိုင်ငံတကာပါလီမန် အမတ်များ၊ ပါလီမန်ရေးရာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများ၊ လွှတ်တော်အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများက လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁) မိနစ်ငြိမ်သက်ခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယက က အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်း ပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း ပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြား တင်သွင်းခြင်းနှင့် အတည်ပြုခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း နှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များ ဗီဒီယိုမှတ်တမ်း ပြသခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်များက ဖတ်ကြားတင်သွင်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်အမှာစကား ပြောကြားခြင်း စသည် အစီအစဉ်တို့ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေး က အတည်ပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်အား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။











