ကြေညာချက် အမှတ် ( ၇/၂၀၂၁ )
ဖေဖော်ဝါရီလ (၂၀)ရက်၊ ၂၀၂၁ခုနှစ်။
၁။ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းနှင့် စပ်လျဉ်း၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ဘုံသဘောထားရပ်တည်ချက်များကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရတွေ့ဆုံညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟူသော အချက်အပါအဝင် PPST အထူးအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လေးလေးနက်နက်ထောက်ခံ ကြိုဆိုပါကြောင်း ကြေညာအပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


