မူလ / ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ကြေငြာချက်ကို CRPH ကြိုဆို

ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ကြေငြာချက်ကို CRPH ကြိုဆို

ကြေညာချက် အမှတ် ( ၁၇/၂၀၂၁ )

၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်

မတ်လ (၃၀) ရက်၊ ၂၀၂၁ ခုနှစ်။

၁။       တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်တိုက်ခိုက်လျက်ရှိသည့် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း၌ ပြည်သူအများ နေ့စဉ်နှင့်အမျှ အတိဒုက္ခရောက်နေကြရသည်။

၂။       အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချပြီး ပြည်သူများနှင့်အတူ တိုက်ပွဲဝင်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ခိုင်မာသော ရပ်တည်ချက်များ၊ ကူညီပံ့ပိုးမှုများကို မြင်တွေ့ ကြားသိနေရပါသည်။

၃။       ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သော ကိုးကန့် (MNTJP/MNDAA)၊ တအောင်း (PSLF/TNLA) နှင့် ရခိုင် (ULA/AA) တို့က ၂၀၂၁ ခုနှစ် မတ်လ (၃၀) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် မြန်မာ့တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပျက်နေသော ပြည်တွင်းပဋိပက္ခများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြိုဆိုပါကြောင်းနှင့် မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့အတွက် အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားရန် ဖိတ်ခေါ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top