၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်
၁။ ယနေ့သည် ပြည်ထောင်စုဖွား ကယန်းအမျိုးသားများ၏ (၂၁) ကြိမ်မြောက် အမျိုးသားနေ့ ဖြစ်ပေသည်။ ကယန်းအမျိုးသားနေ့ကို ကယန်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးနှင့် အတူတကွ ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။
၂။ ကယန်းအမျိုးသားတို့သည် သမိုင်းစဉ်တစ်လျှောက်တွင် အာဏာရှင်တို့ကို ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူတကွ လက်တွဲ၍ တွန်းလှန်ခဲ့ကြသည်။
၃။ ယနေ့အချိန်အခါသည် ပြည်ထောင်စုတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက အာဏာရှင်ကို နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်တိုက်ပွဲဝင်နေကြသည်ဖြစ်ရာ၊ ကယန်းအမျိုးသားတို့အနေဖြင့်လည်း ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်နေသည်ဟု ယုံကြည်ပါသည်။
၄။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတည်းဟူသော လောကပါလတရားတို့ ထွန်းကား၍ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ထောင်ရေးအတွက် ကယန်းအမျိုးသားများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးအတူတကွ လက်တွဲကြိုးပမ်းအားထုတ်ကြပါစို့ဟု အလေးအနက်တိုက်တွန်းရင်း သဝဏ်လွှာ ပါးအပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


