မူလ / အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ထုတ်ပြန်ချက်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ထုတ်ပြန်ချက်

25 November 2023

၁။ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူ စာချုပ် (Convention on the Elimination of All Forms of Discrimination Against Women - CEDAW) ကို ချမှတ်အတည်ပြုခဲ့ခြင်းသည် (၄၄) နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်၊၊ သို့သော် ကမ္ဘာတစ်ဝှမ်း နေ့စဉ်တိုးမြင့်လာသည့် ပဋိပက္ခများနှင့် စိန်ခေါ်မှုများကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း ရှိ အမျိုးသမီးများနှင့် မိန်းကလေးများသည် အိမ်တွင်းအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်ခံရမှုများ၊ လုပ်ငန်းခွင်နှင့် နယ်ပယ်အသီးသီးတွင် ခွဲခြားဆက်ဆံခံရမှုများ အပါအဝင် လိင်ဖြစ်တည်မှုအပေါ် အခြေခံသည့် ခွဲခြားဆက်ဆံခံရမှုများကို ကြီးမားစွာ ရင်ဆိုင်နေရဆဲဖြစ်ပါသည်၊၊

၂။ ထိုကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်သွားစေရေးအတွက် ဥပဒေ၊ မူဝါဒများ ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ရန်လိုအပ်သည့်နည်းတူ အခြားသော နည်းလမ်း ပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်မှုများသည်လည်း လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြလျက် ရှိပါသည်၊၊ ယခုနှစ်တွင် (Unite! Invest to Prevent Violence Against Women & Girls) “အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများကို ကာကွယ်ဖို့ အတူပါဝင် ပံ့ပိုးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ၁၆ ရက်တာ လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝှမ်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ပြု ကြိုဆို အပ်ပါသည်။

၃။ Covid-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်း ဖြစ်စဉ်များနောက် အလုပ်အကိုင်ရှားပါးမှုနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် မြန်မာအမျိုးသမီးများသည် လွတ်လပ်မှု မရှိခြင်း၊ တရား ဥပဒေ စိုးမိုးမှု မရှိခြင်း၊ လူ့အခွင့်အရေး ပျက်သုဉ်းခြင်းတို့နှင့်အတူ ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း တို့ကို ဆိုးရွားစွာ ကြုံတွေ့ခံစားရလျက်ရှိပါသည်၊၊ ထို့ပြင် စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးများသည် အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတပ်သားများက စစ်ကြောရေးစခန်းများ၊ ရဲစခန်းများနှင့် အချုပ်ထောင်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ ကြီးမားသော ဒဏ်ရာဖြစ်သည်အထိ နှိပ်စက်ခံရမှုများ၊ လူမဆန်စွာဆက်ဆံမှုများ ပြုလုပ်ခံရကြောင်း ပြန်လည် လွတ်မြောက်လာသူ များ၏ ပြောပြချက်အရ သိရှိရသည်၊၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အမျိုးသမီးများသည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ အဓမ္မပြုကျင့်ခြင်း၊ မုဒိမ်းကျင့် သတ်ဖြတ်ခြင်း၊ အလောင်းအား မီးရှို့ဖျက်ဆီး၍ သက်သေဖျောက်ဖျက်ခြင်းများကို စိုးရိမ်ဖွယ်ရာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။

4.  Since the coup, 5,097 women including 17 parliamentarians who have been bravely fighting for democracy and human rights have been detained by the unlawful military council and 871 women have lost their lives according to the record of the Ministry of Women, Youth and Children Affairs (NUG). Women and girls who have been forced to flee from their home due to the daily escalation of violence by the military council need special protection for their mental and physical security.

၅။ မြန်မာအမျိုးသမီးများနှင့် မိန်းကလေးများသည် ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းယူရန် စတင် ကြိုးပမ်းသည့်အချိန်မှစ၍ ယနေ့ထိတိုင် နွေဦးတော်လှန်ရေး၏ အဓိကအင်အားစုတစ်ရပ်ဖြစ်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သူများ၊ ရန်ပုံငွေရှာဖွေရေးများ၊ တိုက်ခိုက်ရေးရဲမေများ၊ ဆေးတပ်သားရဲမေများ၊ နည်းပညာနှင့် ကျွမ်းကျင်မှုကို အသုံးပြု၍ ပါဝင် နေသူများအဖြစ် ယနေ့ထိတိုင် ရဲရဲဝံ့ဝံ့ အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်တော်လှန်နေဆဲ ဖြစ်ပါ သည်၊၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ လိင်ဖြစ်တည်မှုအရ ခွဲခြားဆက်ဆံမှု လုံးဝမရှိစေရေးအပြင် အမျိုးသမီးများအား နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပါဝင်ခွင့်၊ ကိုယ်စားပြုခွင့်တို့သည် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများ၏ ရည်မှန်းချက်တစ်ရပ်လည်း ဖြစ်ပါသည်၊၊

၆၊၊ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် အမျိုးသမီးများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး၊ အကြမ်းဖက်စစ်တပ်မှ အမျိုးသမီးများ၊ မိန်းကလေးများအပါအဝင် မြန်မာ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်စီရင်ခြင်းမှ ကင်းလွတ်ခွင့် ရနေမှုအား အဆုံးသတ်ပြီး တရားမျှတမှုဖော်ဆောင်နိုင်ရေး၊ တရားမဝင်စစ်အာဏာသိမ်းမှုနှင့် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများ အမြန်ဆုံံး အဆုံးသတ်ရပ်တန့်စေရေးတို့အတွက် နိုင်ငံ တကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သောအရေးယူမှုများ တိုးမြှင့် လုပ်ဆောင်ပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ထပ်မံတိုက်တွန်း တောင်းဆိုပါသည်။

၇။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့်အတူ အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံတကာသဘောတူစာချုပ်များ၊ စံညွှန်းများနှင့်အညီ ကျား၊ မ တန်းတူ ညီမှု ရှိရေး၊ လူနည်းစုအခွင့်အရေးနှင့် မည်သူ့ကိုမျှ ချန်လှပ်ထားခြင်း မရှိစေရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများ ခိုင်မာအားကောင်းလာစေရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်နိုင်ရေးတို့အတွက် ဘုံရည်မှန်းချက်ပန်းတိုင် တူညီသော တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top