မူလ / အမေရိကန်ပြည်ထောင်စုက တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင်ဘဏ်နှစ်ခုအား အရေးယူဒဏ်ခတ်ပိတ်ဆို့မှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်

အမေရိကန်ပြည်ထောင်စုက တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင်ဘဏ်နှစ်ခုအား အရေးယူဒဏ်ခတ်ပိတ်ဆို့မှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်

၁။ မြန်မာပြည်သူများအပေါ်၌ လုပ်ဆောင်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများ အတွက် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ ကာကွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် ကြိုဆိုပါသည်။

၂။ တရားမဝင်အာဏာသိမ်းမှုနောက် တိုင်းပြည်အား လက်နက်အားကိုး ထိန်းချုပ်ထား နိုင်ရန်အတွက် မြန်မာပြည်သူများအား နေ့စဉ် သတ်ဖြတ်နေသည့် စစ်ကောင်စီအမည်ခံ အာဏာ လုအကြမ်းဖက်အဖွဲ့ထံသို့ စစ်လက်နက်ပစ္စည်းများနှင့် လေယာဉ်ဆီ တင်ပို့ရောင်းချခြင်းအား ပိတ်ပင်တားဆီးခြင်း၊ ယင်းလက်နက်ပစ္စည်းများနှင့် လေယာဉ်ဆီများ ဝယ်ယူရာတွင် အသုံးပြု နေသည့် ငွေကြေးစီးဆင်းရာ လုပ်ငန်းများအား ဒဏ်ခတ်အရေးယူပိတ်ဆို့ခြင်း၊ သံတမန်ရေးနှင့် စီးပွားရေးဖိအားများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ အတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာ အသိုက်အဝန်းက ဆက်လက်လုပ်ဆောင်ပေးရန် ထပ်မံ တိုက်တွန်းအပ်ပါသည်။

၃။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၌ ပဋိပက္ခများ ဖြစ်တည်ခဲ့ရာတွင် အဓိက တရားခံ ဖြစ်သည့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မှသာ မြန်မာပြည်သူများမျှော်လင့်ကြိုးပမ်းနေ သည့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်သွားနိုင်မည်ကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကောင်းစွာ နားလည်သဘောပေါက်လိမ့်မည်ဟု မိမိတို့ အခိုင်အမာယုံကြည်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်စေရန်နှင့် တိုင်းပြည်အတွင်း ပဋိပက္ခများ ထပ်မံ မပေါ်ပေါက်စေရန်အတွက် တရား မဝင် စစ်အာဏာရှင်စနစ် အဆုံးသတ်သွားနိုင်ရေး ပြည်တွင်းရှိ တော်လှန်ရေး၊ နိုင်ငံရေး အင်အား စုများနှင့်အတူ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။

၄။ မြန်မာပြည်သူလူထုအား တရားဝင်ကိုယ်စားပြုနေကြသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပံ့ပိုးကူညီပေးမှသာ မြန်မာနိုင်ငံ၌ ထာဝရ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ရရှိနိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လက်ရှိပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ပြီး မြန်မာပြည်သူများအတွက် ငြိမ်းချမ်းသော အနာဂတ်ကို ရရှိနိုင်ရေး လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများကို အမြန်ဆုံး ပေးအပ်ရန် တောင်းဆို တိုက်တွန်းအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top