၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး ကွယ်လွန်သွားခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မိမိတို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွန်စွာ တုန်လှုပ်ဝမ်းနည်းမိပါသည်။
မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်း တစ်ဦးဖြစ်သည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဂျပန်နိုင်ငံအား အင်အားကြီးသော နိုင်ငံဖြစ်စေရန် ဆောင်ရွက်ခဲ့သည့် ၎င်း၏ နိုင်ငံရေးခေါင်းဆောင်မှုနှင့် ကြိုးပမ်းအားထုတ်မှုတို့အား အမှတ်တရရှိနေလိမ့်မည် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံ၌ စီးပွားရေး၊ ဒီမိုကရေစီ၊ လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးချုပ်ဟောင်း၏ တန်ဖိုးရှိသော အားပေးထောက်ပံ့မှုတို့ကို မြန်မာပြည်သူများအနေဖြင့် အစဉ်အမြဲ သတိတရရှိနေမည် ဖြစ်ပါသည်။
ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သွားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်း၏ မိသားစု၊ ဂျပန်အစိုးရနှင့် ပြည်သူများထံသို့ ဝမ်းနည်းမှုနှင့် စာနာမှုတို့ ပေးပို့အပ်ပြီး ထာဝရငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ