မူလ / ပြည်သူလူထုသို့ အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်

ပြည်သူလူထုသို့ အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်

၁။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် လူမဆန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့ရသူများအား အောက်မေ့သတိရသောအားဖြင့် ယနေ့ည (၀၈:၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့သည့် “မီးပိတ်သပိတ်လူထုလှုပ်ရှားမှု” တွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံတစ်ဝှမ်းနှင့် ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိနေကြသည့် ပြည်သူလူထု အပေါင်းအား အထူးကျေးဇူးတင်ရှိပါသည်။

၂။ အကြမ်းဖက်စစ်တပ်၏ လူမဆန်သောသတ်ဖြတ်မှုများကြောင့် အသက်ပေးခဲ့ရသည့် တော်လှန်ရေးသူရဲကောင်းများအတွက် ဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် ပြောင်းလဲကာ မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီစံနှုန်းများ ပြည့်ဝသော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို အချိန်တိုတိုဖြင့် ကြိုးစားတည်ဆောက်နိုင်လိမ့်မည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ပါသည်။

၃။ တိုင်းပြည်၏ လက်ရှိကာလနှင့် အနာဂတ်ကာလ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအားလုံး သည် တိုင်းပြည်၏ မူလအချုပ်အခြာအာဏာပိုင်များဖြစ်သည့် ပြည်သူတို့၏ ဆန္ဒ၊ သဘောထားတို့ အပေါ်တွင် အပြည့်အဝ တည်ရှိခြင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်ခြင်းနှင့်အတူ ပြည်သူကို ဦးထိပ်ပန်ဆင်လျက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်တွင်းပြည်ပရှိ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများဖြင့် ပူးပေါင်းကာ ပြည်သူများက ပေးအပ်ထားသည့် တာဝန်များကို ဆထက်တိုး၍ ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ပါကြောင်း လေးလေးနက်နက် ကတိသစ္စာပြုအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top