မူလ / နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၊ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ချက်

နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၊ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ချက်

နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အပေါ်ကြိုဆိုကြောင်းထုတ်ပြန်ချက်

၁။        ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၌ Virtual Format ဖြင့် ကျင်းပခဲ့သည့် “လွှတ်တော် ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးကော်မတီ – Committee on Human Rights of Parliament -arians” ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်၍ မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စား လှယ်များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

၂။         ယင်းကော်မတီ၏ ဆုံးဖြတ်ချက်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကျင်းပခဲ့သည့် “IPU အမှုဆောင်ကောင်စီ၏ ၂၀၈ ကြိမ်မြောက် အစည်းအဝေး”၌ အတည်ပြုခဲ့ပြီး ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများနှင့် စပ်လျဉ်း၍ ထည့်သွင်း ချမှတ်အတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကြိုဆိုပါကြောင်း ထုတ်ပြန်အပ်ပါသည်။

၃။        ကော်မတီ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူတို့၏ ပကတိ သဘောထားနှင့် ဒီမိုကရေစီ ကို ကာကွယ်လိုသည့် ပြင်းပြသော စိတ်ဆန္ဒကို လေးစားတန်ဖိုးထားခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပေးပြီး ကူညီဆောင် ရွက်ပေးခဲ့ကြသည့် နိုင်ငံတကာပါလီမန်များအဖွဲ့၊ အမှုဆောင်ကော်မတီနှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ လူ့အခွင့်အရေးကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ IPU အဖွဲ့ဝင်လွှတ်တော်များအား ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

၄။        အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် (၅) ချက်ကို စစ်ကောင်စီက လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထုအပေါ် ပိုမိုဆိုးရွားသော အကြမ်းဖက်မှုများ ဆက်လက်ကျူး လွန်လျက်ရှိပြီး ယင်းဘုံသဘောတူညီချက်များသည်လည်း လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း အတွက် ဖြေရှင်းနိုင်သည့် အခြေအနေတစ်ခုမဟုတ်ကြောင်း လုပ်ဆောင်ချက်များက သက်သေပြ လျက်ရှိပါသည်။

၅။      ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးနေမှုများ၊ ညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်နေမှုများ ရပ်တန့်ရေး အပါအဝင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတို့ အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဆီယံအပါအဝင် နိုင်ငံ တကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်၍ မြန်မာပြည်သူလူထု၏ အသက်နှင့် အခွင့်အရေးများကို ကာကွယ်ပေးရန် ထပ်မံ တောင်းဆိုအပ်ပါသည်။   IPU အမှုဆောင်ကောင်စီ၏ ၂၀၈ ကြိမ်မြောက် အစည်းအဝေးက အတည်ပြုခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးကော်မတီ ဆုံးဖြတ်ချက် အပြည့်အစုံအား https://www.ipu.org/decisions-committee-human-rights-parliamentarians မှ တဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

The Committee Representing Pyidaungsu Hluttaw

class=wp-image-1789
class=wp-image-1790/
class=wp-image-1804/
class=wp-image-1805/
class=wp-image-1806/
Scroll to Top