ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ကြေညာချက်အမှတ် (၃/၂၀၂၅)
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်
အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာ ကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” အား အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် -
(၁) ဦးဝင်းမြင့် - နိုင်ငံတော်သမ္မတ
(၂) ဒေါ်အောင်ဆန်းစုကြည် - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
(၃) ဒူဝါလရှီးလ - နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ)
(၄) မန်းဝင်းခိုင်သန်း - ပြည်ထောင်စုဝန်ကြီးချုပ်
(၅) ဒေါက်တာ ဇော်ဝေစိုး - ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး
(၆) ဒေါ်ဇင်မာအောင် - ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၇) ဦးလွင်ကိုလတ် - ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၈) ဦးရည်မွန် - ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
(၉) ဒေါက်တာ လျန်မှုန်းဆာခေါင်း - ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(၁၀) ဦးတင်ထွန်းနိုင် - ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
(၁၁) ဒေါက်တာ ဝင်းမြတ်အေး - ပြည်ထောင်စုဝန်ကြီး၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန
(၁၂) ဂျာထွယ်ပန် - ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
(၁၃) ဒေါက်တာ ရွှေပုံ - ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
(၁၄) ဒေါက်တာ တူးခေါင် - ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၁၅) ဦးအောင်မျိုးမင်း - ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
(၁၆) ဦးသိန်းဦး - ပြည်ထောင်စုဝန်ကြီး၊ တရားရေးဝန်ကြီးဌာန
(၁၇) ဦးစိုးသူရထွန်း - ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
(၁၈) ဒေါက်တာ စိုင်းခိုင်မျိုးထွန်း - ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၁၉) ဒေးဗစ်ဂွမ်အောင် - ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၂၀) ခူထဲဘူး - ဒုတိယဝန်ကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၂၁) ဦးကျော်နီ - ဒုတိယဝန်ကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၂၂) နိုင်ကောင်းရွက် - ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
(၂၃) မိုင်းဝင်းထူး - ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(၂၄) မင်းဇေယျာဦး - ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
(၂၅) ဒေါက်တာ ငိုင်းတမ်မောင်း - ဒုတိယဝန်ကြီး၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန
(၂၆) ဒေါက်တာ ခင်မောင်လွင် - ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
(၂၇) ခွန်စောဖူး - ဒုတိယဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၂၈) ဦးအောင်ကျော်မိုး - ဒုတိယဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
(၂၉) ဦးမော်ထွန်းအောင် - ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


