ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ကြေညာချက်အမှတ် (၂/၂၀၂၅)
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ပြောင်းရွှေ့တာဝန်ပေးခြင်း
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာ ကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနအသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်သည် -
(၁) ဒေါက်တာ ဇော်ဝေစိုး (ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန) - ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး
(၂) ဂျာထွယ်ပန် (ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန) - ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
(၃) ဒေါက်တာ ရွှေပုံ (ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန) - ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
(၄) ဒေါက်တာ စိုင်းခိုင်မျိုးထွန်း (ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန) - ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၅) ဒေးဗစ်ဂွမ်အောင် (ဒုတိယဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန) - ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၆) ဦးကျော်နီ (ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန) - ဒုတိယဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


