မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ချမှတ်ကျင့်သုံးနေသော တစ်နိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေး မဟာဗျူဟာဖြစ်သည့် စစ်မဟာဗျူဟာအခြေအနေ၊ SCEF အောက်တွင် စစ်ရေးပေါင်းစပ်ညှိနှိုင်းနိုင်ရန် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီကို ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် စစ်ရေးရည်မှန်းချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် ဒုတိယဝန်ကြီး နိုင်ကောင်းရွက် က စစ်တိုင်းကြီး (၆) ခု အခြေအနေများ၊ မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများအား ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မကွေးဖက်ဒရယ်ယူနစ်များမှ စစ်ရေးဆိုင်ရာ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် စစ်ရုံးချုပ်မှ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နှင့် စစ်ရုံးချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top