မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက National Defense Authorization Act (NDAA) နှင့်စပ်လျဥ်းသည့်အခြေအနေများအတွက် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက National Defense Authorization Act (NDAA) နှင့်စပ်လျဥ်းသည့်အခြေအနေများအတွက် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက National Defense Authorization Act (NDAA) နှင့်စပ်လျဥ်းသည့်အခြေအနေများအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဥ်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ ၁၉၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြား၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက NDAA နှင့် စပ်လျဥ်း၍ ဝန်ကြီးဌာနအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှုများ၊ အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာဥပဒေပြုလွှတ်တော်ကော်မတီများ၊ လွှတ်တော်အမတ်များနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ၎င်းဥပဒေပြုခြင်းနှင့်စပ်လျဥ်း၍ မဲပေးပိုင်ခွင့်ရှိသော  အမေရိကန်ပြည်ထောင်စုပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှု၊ မီဒီယာများနှင့် Talk Show များတွင် ဆောင်ရွက်ထားရှိမှုများ၊ NDAA အတည်ပြုလာခြင်းအတွက် တုံ့ပြန်လာနိုင်သောကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဝင်များက သိရှိလိုသည်များအား  မေးမြန်းကာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား၍ လွှတ်တော်ကဏ္ဍအနေဖြင့် ရှေ့လုပ်ငန်းစဥ်များတွင် မည်သို့ချိတ်ဆက်ဆောင်ရွက်နိုင်သည်ကို အကြံပြုဆွေးနွေးခဲ့သည်။

၎င်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးအား ဆက်လက် ကျင်းပရာ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာ  စီစဥ်ဆောင်ရွက်နေသော ကိစ္စများနှင့် ရေးရာကော်မတီအလိုက်လုပ်ငန်းများ တင်ပြဆွေးနွေး၍ ၂၂၂၀ နာရီအချိန်တွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top