မူလ / အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ် တာဝန်အပ်နှင်းခြင်းခံရသော ဒေးဗစ်ဂွမ်အောင် (Salang. David Gum Awng) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆို

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ် တာဝန်အပ်နှင်းခြင်းခံရသော ဒေးဗစ်ဂွမ်အောင် (Salang. David Gum Awng) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆို

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ် တာဝန်အပ်နှင်းခြင်းခံရသော ဒေးဗစ်ဂွမ်အောင်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆိုခြင်း အခမ်းအနားအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ ညနေ (၁၉:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အခမ်းအနား၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီးနောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဒေးဗစ်ဂွမ်အောင် (Salang. David Gum Awng) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆိုခြင်း ပြုလုပ်ခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေးဗစ်ဂွမ်အောင်က တက်ရောက်လာကြသည့် အဖွဲ့ဝင်များအား မိတ်ဆက်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားအား (၂၀:၁၅) နာရီတွင် ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် ဒုတိယဝန်ကြီး ဒေးဗစ်ဂွမ်အောင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2603/
class=wp-image-2604/
class=wp-image-2605/
Scroll to Top