မူလ / လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မြေပြင်အခြေအနေများအား တင်ပြဆွေးနွေးနိုင်ရန်အတွက် တွေ့ဆုံပွဲပြုလုပ်ခြင်း

လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မြေပြင်အခြေအနေများအား တင်ပြဆွေးနွေးနိုင်ရန်အတွက် တွေ့ဆုံပွဲပြုလုပ်ခြင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီတို့သည် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် လက်ရှိတွေ့ကြုံနေရသည့် မြေပြင်အခြေအနေများအား  တင်ပြဆွေးနွေးနိုင်ရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

ပထမဦးစွာ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ  ဦးမြင့်ထွေး က လွှတ်တော်ဆိုင်ရာလုပ်ငန်းများ၊ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် အကြံပြုတင်ပြချက်များအား ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ရေးရာကော်မတီအဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်စပ်လျဥ်းသည့် မူဝါဒပိုင်းဆိုင်ရာကိစ္စရပ် များအား တင်ပြခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မြန်ဆန်ထိရောက်စွာ ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအပါအဝင် မြေပြင်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လိုအပ်နေသော အကူအညီများနှင့် တွေ့ကြုံနေရသောအခက်အခဲများအား  ရှင်းလင်း တင်ပြ ဆွေးနွေးရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များက  ပြန်လည်ဆွေးနွေး အကြံပြုခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များအား ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး (၁၃:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2967/
class=wp-image-2968/
class=wp-image-2969/
Scroll to Top