မူလ / နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် CRPH သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ တို့ တွေ့ဆုံ၍ ဆက်သွယ်ဆက်ဆံရေးကဏ္ဍအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် CRPH သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ တို့ တွေ့ဆုံ၍ ဆက်သွယ်ဆက်ဆံရေးကဏ္ဍအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး

IPU တာဝန်ရှိသူများနှင့် CRPH သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ တို့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၁:၃၀ အချိန်တွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် တွေ့ဆုံ၍ CRPH ၏ ပြင်ပဆက်ဆံရေးကဏ္ဍ နှင့်ဆက်သွယ်‌ရေးနည်းပညာကဏ္ဍတို့ အပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဥက္ကဌ ဒေါက်တာ ဝေဖြိုးအောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းနှင့် အတွင်းရေးမှူး ဦးတင်ကိုကိုဦး၊ IPU မှ တာဝန်ရှိသူများနှင့် အကူအညီ‌ပေးရေး အစီအစဉ်တွင် ပါဝင်မည့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။

IPU နှင့် မြန်မာလွှတ်တော်တို့အကြား သဘောတူညီထားသည့်အကူအညီပေးရေးစီမံကိန်းအရ CRPH ၏ လုပ်ငန်းများ အားကောင်းလာစေရန် နိုင်ငံတကာ/သံတမန်ဆက်ဆံရေး၊ နည်းပညာကဏ္ဍတို့ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွေ့ကျသော ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုတို့ ပိုမိုဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top