မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာနတို့ပူးပေါင်း၍ Cyber Security Awareness Session ပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာနတို့ပူးပေါင်း၍ Cyber Security Awareness Session ပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Cyber Security Awareness Session အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၊ ညနေ(၁၅:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့ကြသည်။

ပထမဦးစွာ ဆွေးနွေးပွဲတွင် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ ဦးဇေလတ်က နွေဦးတော်လှန်ရေးတွင် သတင်းအချက်အလက်နှင့် နည်းပညာအခန်းကဏ္ဍသည် အရေးပါသော အခန်းကဏ္ဍဖြစ်သည့်နည်းတူ ကော်မတီအနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နည်းပညာပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေပေးနိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီးနောက် နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဌာနမှ Dr. Katherine က ဆက်သွယ်ရေးကိရိယာများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ လုံခြုံမှုရှိစေရေး၊ နည်းပညာဆိုင်ရာလုံခြုံရေးအတွက် လိုက်နာရမည့်စည်းမျဥ်းများချမှတ်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်များ ပေါက်ကြားမှု မရှိစေရေးအတွက် သတိပြုသင့်သည့် အချက်များအား ရှင်းလင်းမျှဝေခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ရေးရာကော်မတီဝင်များ၏ နည်းပညာပိုင်းဆိုင်ရာ သိရှိလိုသည့်အချက်များအား Dr. Katherine က ပြန်လည်ဖြေကြား၍ ဆွေးနွေးပွဲအား (၁၇:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ရေးရာကော်မတီဝင်များ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဌာနမှ Dr. Katherine နှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2728/
class=wp-image-2729/
class=wp-image-2730/
class=wp-image-2731/
class=wp-image-2732/
Scroll to Top