မူလ / အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

The Committee Representing Pyidaungsu Hluttaw

ကြေညာချက်အမှတ်၊ (၃၀/၂၀၂၁)

၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်

ဇွန်လ (၅) ရက်၊ ၂၀၂၁ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာကိုကျင့်သုံးလျက် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တာဝန်များ အပ်နှင်းလိုက်သည်။

 

(၁) ဦးသိန်းဦး                                  ပြည်ထောင်စုဝန်ကြီး

                                                                 တရားရေးဝန်ကြီးဌာန

(၂) ဦးထင်လင်းအောင်             ပြည်ထောင်စုဝန်ကြီး

                                                                 ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန

(၃) ဦးစိုးသူရထွန်း                       ပြည်ထောင်စုဝန်ကြီး

                                                                လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

 

The Committee Representing Pyidaungsu Hluttaw

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

Scroll to Top